ကော့သောင်းမြို့တွင် ၀ိုင်လူးဆိုသော ဒုစရိုက်ဂိုဏ်းအုပ်စုများ ကျက်စားလျက်ရှိပါသည်။ ၀ိုင်လူး ဒုစရိုက်ဂိုဏ်း များ၏ ၀ိုင်းဖွဲ့၊ အုပ်စုလိုက်အနိုင်ကျင့်မှုကြောင့် အပြစ်မဲ့သည့်ပြည်သူများ အမြဲတမ်း စိုးရိမ်ပူပန်နေကြရပါသည်။ ဒီနှစ်သီတင်းကျွတ်အတွင်းမှာပင်လျှင် အုပ်စုဖွဲ့ အနိုင်ကျင့်မှုကြောင့် အပြစ်မဲ့လူတယောက် ဆေးရုံတင်လိုက်ရ သည်ဟူသော စိတ်မချမ်းသာစရာ သတင်းကို ကြားခဲ့ရပါသည်။
နောက်ထပ်တင်ပြချင်သည်မှာ မူးယစ်ဆေးဝါးကိစ္စ
ကော့သောင်းမြို့၏ အမှောင်ကျသောနေရာတော်တော်များများတွင် မူးယစ်ဆေးဝါးများသုံးစွဲလျက်ရှိကြသည်။ ထိုသို့သော မူးယစ်ဆေးဝါးများ သုံးစွဲမှုကြောင့် အမှားလုပ်ရမှာကို အတင့်ရဲလာပြီး ဒုစရိုက်အလုပ်များကို ကျူး လွန်ကြသည်။ ထိုသို့သော အခြေအနေများကြောင့် ကော့သောင်းမြို့တွင် ရန်ပွဲပေါင်းများစွာ ဖြစ်ပွားပြီး မြို့အ တွင်း ရမ်းကားနေသည့်အတွက်ကြောင့် အပြစ်မဲ့လူထုများ စိုးရိမ်ထိတ်လန့် ပူပင်နေကြရသည်။
အဲဒီအခြေအနေများတွင် တာဝန်ရှိသောပုဂ္ဂိုလ်များက ကိုယ်နှင့်မဆိုင်သလိုပင် နေကြသည်။ ထိုအမှုတွေနှင့် အဓိကတာဝန်ရှိသည်မှာ ရဲပင်ဖြစ်သည်။ ရဲများသည် ထိုကဲ့သို့ နေ့တိုင်းဖြစ်ပျက်နေသည်ကို အရေးယူသော် လည်း ခင်နေသည့်၊ ဆွေမျိုးတော်စပ်သည့်အတွက်များကြောင့် သိလျက်ပင် အရေးမယူမှုများလည်း ရှိနေပါ သည်။ မူးယစ်ဆေးဝါးသုံးစွဲနေကြသည့် နေရာများကိုလည်း လူတိုင်းလိုလိုပင်သိကြသည်။ အဲဒီနေရာများတွင် ၀င်ရောက်ဖမ်းဆီးမှုများကို ထိထိရောက်ရောက် အရေးယူမည်ဆိုလျှင် အလွန်သာယာလှပသည့် မြို့ကလေး သည် ပိုပြီးသာယာလှပလာလိမ့်မည်ဟု ယုံကြည်ပါသည်။ ရမ်းကားသည့်လူများကို ဗွေဆော်ဦးအနေနှင့် ပြင်း ပြင်းထန်ထန် အရေးယူပေးမည်ဆိုလျှင် ကော့သောင်းမြို့လူထုများ စိတ်ချမ်းသာကြမည်ကိုလည်း မြင်ယောင် မိပါသည်။
ကော့သောင်းမြို့၏ အေးချမ်းသော လူထုအားလုံးသည် မြန်မာတနိုင်ငံလုံးရှိ ပြည်သူအစိုးရဟု ဟစ်ကြွေးနေ သော သက်ဆိုင်သူအားလုံး၏ ကြိုးပမ်းမှုကို စောင့်မျှော်ကြည့်ရှုနေကြမည်ဖြစ်သည်။
ကော့သောင်းမြို့ခံတဦး
No comments:
Post a Comment